Blogger Widgets
IP

Monday

ဓါတ်ပုံ ကို ပန်းချီ အဖြစ်ပြောင်းခြင်း

ကျနော် ဆိုဒ်ဘက်ကို မလှည့်တာ ၁ နှစ် လောက်ရှိပြီ ဗျာ.။ အခု နည်းနည်း အချိန်လေး ရတုန်း လေး post လေး တစ်ခု တင်လိုက်ဦးမယ်စဉ်းစားတာ အခု အလွယ်ဆုံး နည်းလေး တစ်ခု တွေ့ လို့ တင်ပေးလိုက် ပါတယ်.။ ကျနော် အရင် ကလို software ချည်းပဲတင်မှာမဟုတ်တော့ပါဘူး Photoshop Tutorials လေးတွေပါ တင်ပေးပါမယ်.။ ဒီ Tutorial ကတော့ သင်ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို ပန်းချီကားတစ်ချပ်အဖြစ်သို့ မိနစ်ပိုင်းအတွင်းမှာ ပြောင်းလဲစေနိုင်ပါလိမ့်မယ်။

၁) အဲဒီအတွက် လိုအပ်တဲ့ ပုံကိုဖွင့်ပါ။


 ၂) Filter > Stylize > Find Edges သို့သွားပါ။ ပုံအတိုင်းတွေ့ရပါမည်။


၃) Edit > Fade find edges သို့သွားပါ။ Mode ကို Luminosity သို့ပြောင်းပါ။ မူလအရောင်ကို ခပ်ရေးရေးပြန်မြင်ရပါမည်။ ပြီးလျှင် Opacity ကို စိတ်ကြိုက်ကစားပြီး သင့်စိတ်တိုင်းကျ ပန်းချီကားတစ်ခုကို ဖန်တီးနိုင်ပါတယ်။

၎) အားလုံးပြီးလို့ Ok နှိပ်လိုက်ရင်တော့ အောက်ကလို အသက်ဝင်လှပတဲ့ ပန်းချီ ပုံ တစ်ပုံရပြီပေါ့.။


No comments:

Post a Comment

Photobucket

Jailbreak Wizard

Error: Embedded data could not be displayed.

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host